Tuesday, November 4, 2008

ပန်းအသွင်


သူငယ်ချင်း
တကယ်လို့ နင်ဟာ ပန်းကလေးတပွင့် ဖြစ်ခဲ့မယ်ဆိုရင် .........
နင့်ရဲ့ ဂုဏ်သက္ခာတွေ၊ ဂုဏ်သတင်းတွေ၊ ရိုးသားမှုတေ၊ွ တည်ကြည်လေးနက်မှုတွေ နင်လုပ်သမျှအရာတွေအားလုံးထဲက အကောင်းတွေဟာ အဲ့ဒီ ပန်းကလေးရဲ့ ရနံတွေဖြစ်လာလိမ့်မယ်။
နင့်ရဲ့ အတ္တတွေ၊ မာနတွေ၊ နင်လုပ်ခဲ့သမျှအရာတွေရဲ့ အဆိုးတွေဟာ အဲ့ဒီပန်းကလေးရဲ့ ဆူးခက်တွေဖြစ်လာလိမ့်မယ်။ သူငယ်ချင်း နှင်းဆီပန်းက အသွင်လဲလှပါတယ်၊ ရနံလဲ သင်းပါတယ်၊ ဒါပေမဲ့ ဆူးတွေနဲ့ ပြည့်နေတယ်။ အဲ့ဒီဆူးတွေက နှင်းဆီကို ကောင်းကောင်း အကြည်တန်စေတယ်လို့ ငါထင်တယ်။ သူငယ်ချင်း တချို့ပန်းလေးတွေကလေ ကြွေသွားသည့်တိုင်အောင် သူတို့ရဲ့ ရနံလေးတွေက သင်းနေသေးတယ်။ သူတို့ရဲ့ ရနံလေးတွေကို ပျောက်ပျက်မသွားအောင် ဖတ်တွယ်ထားကြတယ်။ သူငယ်ချင်း ငါကတော့လေ နင့်ကို ဆူးတွေနဲ့ ပြည့်နေတဲ့ နှင်းဆီပန်း မဖြစ်စေချင်ဘူး။ ငါကလေ နင့်ကို ဆူးကင်းပြီး ရနံသင်းတဲ့ပန်းကလေးဖြစ်စေချင်ပါတယ်။ အဲ့ဒီပန်းကလေးက နင်ကိုယ်တိုင် နင်အတွက် ဖန်ဆင်းပေးရမှာ
သူငယ်ချင်း..... တကယ်လို့ ငါကနေ နင်အတွက်ဖန်ဆင်းပေးရမယ်ဆိုရင်တော့..... နင်ဟာ ငါ့အတွက်ပန်းလေးတပွင့်ဆိုရင် နင်အပေါ်မှာထားတဲ့ ငါ့ရဲ့ သံယောဇဉ်တွေ၊ မေတ္တာတွေ၊ ခင်မင်မှူတွေ၊ နင်ပတ်သတ်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားမှူတွေက အဲ့ဒီပန်းလေးရဲ့ ရနံတွေပေါ့။ အဲဒီရနံတွေက ထာဝရအတွက် သင်းပျံနေမှာပေါ့ ငါဆီမှာ နင့်အတွက် အမုန်းဆိုတာ မရှိပါဘူး။ ရှိလာမှာလဲ မဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီပန်းလေးမှာ ဆူးမရှိပါဘူး။ ဆူးမဲ့တဲ့ ပန်းလေးတပွင့်ပေါ့။

Friday, October 31, 2008

အဖြူရောင် သံယောဇဉ်

နွယ်တပင်
ရင်မှာရှင်တော့
သံယောဇဉ်မျှင် .......

သေချာကာ
စူးစမ်းကြည့်တော့
အဖြူရောင်မြင် .......

အဖြူအသွင်
ရင်တွင် ဆင်တော့
သူငယ်ချင်းပင်........

အရောင်မလွှမ်း
အဖြူလွှမ်းတော့
သက်ဆုံးတိုင်ခင်.......

Sunday, September 21, 2008

မကန်းရုံ တစ်မည်

လူတယောက် အူယားဖားယား ၀င်လာပြောသည်။

"ဒေါက်တာ ကျွှန်တော့်ကို လုပ်ပါအုံး၊ ကယ်တော်မူပါအုံး၊ ကျွှန်တော် မျက်လုံးအမြင်တွေ ယိုယွင်း၊ ဆိုးဝါးလာပြီး"
ဒေါက်တာဟု အခေါ်ခံရသူက ပြန်ပြောလိုက်သည်။

"ဟုတ်လိမ်မယ်၊ ခင်ဗျားအမြင်တွေ ယိုယွင်းလာတာသေချာတယ်၊ ခင်ဗျားအခုဝင်လာတာ ဆေးခန်းမဟုတ်ဘူးဗျ၊ စာတိုက် ပါ။ ကျွှန်တော်ကလဲ ဆရာဝန် မဟုတ်ပါဘူး စာတိုက် စားရေးပါ"

မညီမျှတဲ့ ချစ်ခြင်း

တကယ်ဆိုရင်
မုသားနှင့် မာယာတွေ ချည်နှောင်မထားတဲ့
ငါ့ချစ်ခြင်းဟာ
နင့်အတွက် မဖြစ်သင့်ဘူး။

အိပ်ရေးတွေပျက်၊ မျက်ရည်စတွေနှင့်
ငါ့ရဲ့ ကဗျာကလည်း
နင့်အတွက် မဖြစ်သင့်ဘူး။

အတ္တနှင့် ရည်မှန်းချက်တွေ
ချည်နှောင်ထားတဲ့ ချစ်ခြင်းကလည်း
ငါ့အတွက် မဖြစ်ခဲ့သင့်ဘူး။

မာနနဲ့ အေးစက်ခြင်းတွေ အပြည့်ရှိတဲ့
နင့်ရဲ့စကားသံတွေကိုလည်း
နောက်ထပ် တစ်ကြိမ် မကြားလိုတော့ဘူး။

ငါ့ရင်ထဲက ချစ်ခြင်း
နင် အလိုမရှိတော့လည်း
ရင်ထဲမှာဘဲ ထာဝရ သိမ်းထားမယ်။

ငါရဲ့ သစ္စာနှင့် ချစ်ခြင်းတွေ အတွက်
ငါ.....ကျေနပ်တယ်။

Friday, September 19, 2008

ဆင့်ကဲအလွမ်း

အလွမ်းပ်ါအလွမ်းဆင့်ခဲ့တယ်
ပန်းမပွင့်တဲ့အပင်ကိုမှ
ရေလောင်းပေါင်းသင်လို့
ရှင်မလားလို့စိုက်ပျိုးခဲ့တဲ့ငါ......
ခဲမှန်ဘူးတဲ့စာသူငယ်ပါ
လေးသံကိုကြောက်ကြောက်နဲ့
ရှေ့တိုးလျောက်ခဲ့တယ်..........
မာဂဓဘာသာကိုမှ
ဘာသာပြန်ချင်တယ်
တိမ်ရုပ်ကိုမှ
ဆေးရောင်ချယ်ချင်တယ်....
အခုတော့လည်းနှစ်ထပ်ကိန်းအလွမ်းတွေနဲ့
တောင်ပံကျိုးခဲ့တဲ့လိပ်ပြာငယ်က
ပန်းမပွင့်တဲ့ရာသီရဲ့ရနံကို
စောင့်နေတုန်း...........
............

Wednesday, September 10, 2008

မိုးရာသီ နှင့် ကျမ

ကျမကို လူလောကထဲ အရောက်ပို့ပေးလိုက်တာ မိုးရာသီရဲ့ ရက်တစ်ရက်မှာပါ။ ဒါကြောင့် ထင်တယ် ကျမမွေးနေ့နီးရင် မိုးတွေရွာတော့တာဘဲ မိုးနဲ့ ဒွန်တွဲတယ်ဆိုတဲ့သဘောပေါ့။ ပြောကြပါတယ် အေးချမ်းမဲ့ သဘောပေါ့တဲ့။

မိုးရာသီရဲ့ အစ ဇွန်လတရက်မှာ ကျမဘ၀ထဲကို ပထမဦးဆုံး တံခါးခေါက်ဝင်လာတဲ့ ချစ်သူကို ကျမတွေခဲ့တယ် မှတ်မိသေးတယ် အဲ့ဒါနေ့က မိုးတွေရွာနေတယ်။ ကျမကို ပျော်စရာတွေ ဖန်းတီးပေးခဲ တဲ့မိုးရာသီပေါ့။

မြန်မာနိုင်ငံကနေ ကျမချစ်တဲ့သူတွေကို အားလုံးကိုထားခဲ့ပြီး ဟိုအဝေးကြီး တနေရာကို ထွက်လာခဲ့ရတဲ့ နေ့ကလဲ မိုးကာလထဲမှာဘဲလေ ကျမကို ၀မ်းနည်းမူတွေပေးခဲ့တဲ့ မိုးရက်တွေပါဘဲ။ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူတွေကိုလွမ်းရင်နဲ့ဘဲ ကျမ အချိန်ကုန်နေခဲ့တာ။

ကျမ ဘ၀ထဲကို ဒုတိယမြောက်ရောက်လာတဲ့ အလင်းရောင်လေးက ပြီးခဲ့တဲ့ မိုးလကုန်ခါနီး တရက်မှာ Good Bye Baby ဆိုပြီးလက်ပြ နှုတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒီနေ့က အပြင်မှာ မိုးမရွာခဲ့ပါဘူး ဒါပေမဲ့ ကျမ ပါးပြင်ပေါ်တော့ မိုးတွေရွာနေခဲ့ပါတယ်။

နောက်ဆုံးတော့ မိုးရာသီက ကျမကို ပျော်စရာ နည်းနည်းလေးပေးပြီး ကြေကွဲစရာတွေချည်ပေးနေခဲ့တာပါ။ ဒါပေမဲ့ ကျမ ဆုတောင်းပါတယ် နောက်ကြုံရမဲ့ မိုးရာသီက ပျော်ရွင်မှုတွေပေးတဲ့ မိုးရာသီဖြစ်ပါစေလို့.....

Tuesday, September 9, 2008

ကျောင်းတုန်းက

ဝေဇင် ကျောင်းတက်တုန်းကပါ ၊ဝေဇင်တို့ကျောင်းမှာ လူမျိုးပေါင်းစုံရှိပါတယ်။ ဝေဇင်တို့ သူငယ်ချင်းအဖွဲ့Indian, Chinese, Aussie ပြီးတော့ပေါ့။ သူငယ်ချင်းတွေက သူတို့အစာစားအစာတွေ တယောက်ပြီးတယောက် ယူလာပြီးကျွှေးကြတယ်။ သူတို့အစားအစာတွေက ဝေဇင်တို့နဲ့ မစိမ်းဘူးလေ။ တနေ့ကျတော့ သြစီမကလေ နင့်တို့ အစားအစားငါတို့မစားဘူးသေးဘူးတဲ့ ဆိုတော့ ဝေဇင် ခေါင်းခြောက်ပြီပေါ့၊ ဟုတ်တယ်လေ မြန်မာအစားအစာဆိုတာ အရောင်တွေ ဆီတွေနဲ့ သယ်လို့ကမလွယ်ဘူးလေ။ အဲ့ဒါနဲ့ သယ်လို့လဲ လွယ် သူတို့လဲ စားနိုင်မဲ့ဟာမျိုး လုပ်ရမှာလေး ဆိုတော့ ကောင်ညှင်းပေါင်းလေးဘဲလုပ်တာပေါ့၊ အကုန်လုံးလုပ်ကိုင်လို့ ပြီးမှ အုန်းသီးဝယ်ဖို့မေ့လာတယ်လေ ဒါနဲ့အမေက ငါးခြောက်ကြော်လေးနဲ့လဲ ကောင်းပါတယ်ဆိုလို့ အညော်ခံပြီး ကြွပ်ရွနေအောင်ကြော်တာပေါ့။
မနက်ကျတော့ သူတို့ကလဲ စားကြည့်မယ်ပေါ့။ ဟို Asian ၂ယောက်ကလဲ စားကြည့်ပြီးကောင်းတယ်ပေါ့။ ပြီးတော့ သြစီမ ကစားတယ် ကောင်းညှင်းပေါင်းစားပြီးကောင်းတယ်တဲ့ ငါးခြောက်လဲစားပြီးရော သြစီမလေ မျောက်က က သလိုဖြစ်ပြီး ဝေဇင့် ဆီကလေ ကောင်းညှင်းပေါင်းဘူးယူပြီး တခါထဲ ငါးခြောက်တွေ အကုန်လွတ်ပြီလိုက်တယ်လေ ၊ ပြီးတော့ ပြောသေးတယ် နင့်ငါးတွေက ပုပ်နေတာ အနံကိုဟောင်နေတာဘဲ နင်မသိဘူးလား တဲ့ ဝေဇင် သူကိုဘာပြောရမှန်းကိုမသိတော့တာ။ Asian တွေကတော့ ငါးခြောက်စားဘူးတယ်လေ။ သူကအခုမှစားဘူးတာ ပြီးတော့ ဝေဇင်ကျွေးတာကလဲ အာပြဲခြောက်ဆိုတော့…….

နှစ်သက်မိတဲ့ ကာရန်လေးတွေ

1 )
Very Sorry
ပြောပြီးပြေးသွား
တို့ကကြည်ဖြူ
I Love You.....

Sunday, September 7, 2008

Father day အမှတ်တရ

ဒီနေ့ father day ဆိုတော့ ဝေဇင် ငယ်ငယ်က အကြောင်းလေး တင်လိုက်တာပါ။

ဝေဇင် သုံး၊လေးနှစ် သမီးအရွယ်တုန်းက အလုပ်ကပြန်လာတဲ့ အဖေ့ကို အိမ်ရှေ့ကနေ စောင့်လေ့ရှီတယ်။ အလုပ်ကပြန်လာတဲ့ အဖေကလဲ သကြားလုံးတွေ၊ မုန့်တွေဝယ်လာတာကို အဖေလာရင် ပြေးကြိုရသေးတယ်လေ။
တနေ့ကျတော့ ထုံးစံအတိုင်း အဖေကိုစောင့်တာပေါ့။ ဝေဇင့် နဲ့အတူ အန်တီလုပ်သူလဲ ရှိတယ်။ ဝေဇင်က အန်တီနဲ့ ကစားနေရင်ကနေ ဟော့ ဖေကြီးလာပြီဆိုပြီး အဖေဆီပြေးတာ ဒါပေမဲ့ “အဖေ့ အနားလဲရောက်ကော ဝေဇင် ခြေလှမ်းတွေ ရပ်သွားတယ်။ ဘာလိုလဲဆိုတော့ ဒီလူကြီးက အဖေမှ မဟုတ်တာ ကုလားကြီး ၁ယောက်လေ။ ကုလားကြီးကလဲ ဝေဇင့်ကို မျက်လုံးကြီး ပြူးပြီးကြည့်လို့” နောက်ကနေလိုက်လာတဲ့ အန်တီကလဲ အခြေအနေသဘောပေါက်ပုံရပါတယ်။ ကြည့်စမ်း ဒီကလေးမ အဖေ နဲ့ ကုလား မှမှားရတယ်လို့တဲ့။ အန်တီဆို အခုထိ ဝေဇင့်ကို အဖေ နဲ့ ကုလား နဲ့ မခွဲတက်တဲ့ ကောင်းမလေးတဲ့။
ဝေဇင့်အဖေက အသားညိုတယ်။ ဝေဇင်ကလဲ အဖေနဲ့တူတော့ ညိုတယ်ပေါ့လေ။ ပြသနာတော့မရှိပါဘူး သမီးမိန်းခလေးက အဖေတူရင်ကောင်းတယ်တဲ့။ ဒီနေ့ ဝေဇင်တို့ဆီမှာ father day လေ အမှတ်တရဖြစ်အောင် ရေးလိုက်တာ။

Saturday, September 6, 2008

သိပါစေ

ငိုနေတဲ့မျက်ရည်တွေကို ဖုံးကွယ်ဖို့အတွက်
အပြုံးအတုတွေကို ငါဖန်ဆင်းခဲ့တယ်
ဒီအပြုံးတွေက…………
ငါ့ နှလုံးသားကို တစ်စစီဖဲ့ခြွေနေပုံက
ရေတိုက်စားခံနေရတဲ့ ကုန်းမြင့်တခုလိုဘဲ။
ချစ်သူ.........
ငါရင်ထဲအဖြစ်တွေကို လူသိမှာစိုးပေမဲ့
မင်းတယောက်တော့ သိစေချင်တယ်.......

Wednesday, September 3, 2008

မင်းဆီက

စကားရှရှ . . .
ဓားမြမြသွေး
အမုန်းပေးလည်း
ဆေးတစ်ခွက်လို.
သောက်ပါမယ် "

Tuesday, September 2, 2008

အဖြေ

အိမ်မက်တွေ လဲပြို
စိတ်ကူးတွေ ပျက်စီး
အရာရာ မသေချာတော့တဲ့
အချစ်တွေကို ရူးသွပ်နေတဲ့
သူဟာ.....
"ကိုယ်"ဆိုရင်
မင်းဘာလုပ်မလဲ........