Wednesday, September 2, 2009

မေမေ့စကားနားထောင်လိုက်တာပါ

ဇင်ငယ်ငယ်တုန်းက ဇင်အလွန်ဆုံးရှိမှ စကားပြောတက်ခါစ ထင်တာပါဘဲ။ ဇင်တို့ အိမ်နားမှာ ဇင်ထက် အသက်ကြီးတဲ့ အမကြီးတွေ အိမ်ရှိပါတယ်၊ သူတို့ အိမ်မှာလဲ ဇင်က သွားသွားဆော့နေကြပေါ့ အဲ့အမကြီးတွေက တခြားအချိန်တွေဆို ဇင့်ကိုခေါ်ခေါ်ဆော့ပါတယ် ဒါပေမဲ့ သူတိုတွေ စာမေးပွဲရှိတဲ့ အချိန်ဆို အိမ်တခါးမဖွင့်ပေးဘူးလေ မဆော့ခိုင်းဘူးပေါ့။ ဇင်ကတော့ ဘယ်သိပါ့မလဲ အချိန်တန် ဆော့ဖို့သွားပြီး တခါးဖွင့်ခိုင်းတာပေါ့၊ သူတို့ကလဲ သူ့အမေကို ကြောက်တော့ ဖွင့်ပေးရဲဖူးလေ။ အဲ့ဒါကို ဇင့် မေမေက တွေ့လဲသွားရော ဇင့်မေမေ က ဘာပြောကောင်းမလဲ ဇင့်ကို ရိုက်တယ်လေ နောက်အိမ်မလည်ရဘူး ပြောပြီးတော့။ ဇင်ကလဲ အိမ်လည်ရင် အရိုက်ခံရမယ်လို့ မှတ်ထားလိုက်တာပေါ့
အဲ့အချိန်တုန်းက ဇင်တို့ အိမ်မှာ ဘဲပေါက်လေးတွေ မွေးပါတယ်၊ တနေ့ကျတော့ ဇင်တို့အိမ်က ဘဲပေါက်လေး တကောင်က အဲ့အမကြီးတွေ အိမ်ဘက်ကို ရောက်နေတာပေါ့နော်၊ ဇင်ကတွေ့တော့ ဘဲပေါက်လေး အိမ်လည်တယ်ဆိုပြီ မေမေ့ နည်းအတိုင် နောက်အိမ်မလည်ရဘူးပြောပြီး ရိုက်လိုက်တာပေါ့၊ ပြီးတော့ မေမေ့ကို သွားပြောလိုက်တယ် မေမေရေ လို့ ဇင် ဘဲလေးကို အိမ်မလည်ရဘူးလို့ ပြောပြီး သိပ်ထားတယ်လို့၊ ပြီးတော့ မေမေက ဘဲပေါက်လေးကို သွားကြည့်တော့ သနားစရာ ဘဲပေါက်လေ က သေနေပြီလေ။ ဇင်ကတော့ မေမေ့ စကားနားထောင်လိုက်တာပါ၊ ဒါပေမဲ့...............း(။
Ps: မေမေကတော့ ပြောပါတယ် လူနဲ့ တိရိစ္ဆာန် မတူဘူးတ