Tuesday, March 10, 2009

ငါးကြင်း ရှလကာရည်ပေါင်း

ငါးကြင်း ရှလကာရည်ပေါင်း

လိုအပ်သော ပစ္စည်းများ

ငါးကြင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူမြိတ်၊ ပဲငံပြာရည် ( အနောက် )၊ ပဲငံပြာရည် ( အကြည် )၊ ဂျူံမှုန့်၊ ရှာလကာရည်၊ သကြား၊ ဆား၊ ဆီ

ငါးကို အကြေးထိုး၊ ရေဆေးပြီး အတုံးအနေတော် လှလှတုံးပါ။ ငါးတုံးများကို ငံပြာရည်၊ ဆားတို့ ဖြင့်နယ်၊ ဂျူံမှုန့်ဖြင့် လူးပြီး ဆီအိုးတွင် ထည့်ကြော်ပါ။ ရွှေဝါရောင် သန်းကာကြွလာလျှင် ဆယ်နိုင်ပါပြီ။ ငရုတ်သီးစမ်းကိုလှီးထာပါ။ ကြက်သွန်ဖြူကို နုပ်နူပ်စဉ်းထား၊ ကြက်သွန်မြိတ်ကို ၁လက်မခန့်လှီးပါ။ ယင်းတို့ကို ဆီသတ်ပြီးနောက် ငါးကြော်တုံးများထည့်၊ ပဲငံပြာရည် အနောက်၊ ရှာလကာရည်၊ ဂျူံမှုန့်တို့ကို အရည်ဖျော်ပြီး ကော်ရည်အဖြစ်လောင်းချကာ ကျက်လျှင် စားသုံးနိုင်ပါပြီ။

No comments: