Sunday, April 5, 2009

အချစ်ဆိုတာ.....

အချစ်ဆိုတာ ထူးဆန်းပါတယ်၊ မထင်မှတ်တဲ့ အခိုက်အတန့်လေးတခုမှာ ဘယ်သူမှမသိအောင် တိတ်တိတ်လေး ခိုအောင်းနေခဲ့ တာ ကိုယ်ကိုတိုင်တောင်မသိလိုက်ပါဘူး၊ အချစ်က ၀င်ခွင့်မတောင်းခဲ့သလို တံခါးလဲမခေါက်ခဲ့ဘူးလေ။
ကိုယ် သတိထားမိလိုက်တဲ့ အချိန်မှာ သူက နှလုံးသားကို နေရာလပ်မရှိအောင် ကြီးစိုးနေခဲ့ပြီ။ ဒီနေ့က အမှတိတရနေ့လေး တခုမို့ အချစ်အကြောင်းရေးလိုက်တာပါ၊ e-card တခုထဲက စာသားလေးတွေပေါ့၊
ချစ်သူ
အေးမြတဲ့ မနက်ခင်းတွေ.....
နွေးထွေးတဲ့ ဆောင်းရာသီတွေ.....
မင်းဖန်ဆင်းပေးခဲ့တာပါ
ငါ့ရဲ့
ခပ်ကြောင်ကြောင်အတွေးတွေကို
အလိုလိုက်ပြီး နားလည်ပေးနိုင်စွမ်းတွေ....
မင်းဆီမှာဘဲရှိတာပါ
ငါလိုချင်တဲ့
ထွေးပိုက်မှုတွေ.....
အနမ်းတွေ....
အကြင်နာတွေ....
အားလုံးဟာ မင်းရှိနေမှ ပြည့်စုံးမှာပါ
ချစ်သူ....
မင်း ငါ့ဘ၀ထဲရောက်လာတာ
ငါ့အတွက် ကံကောင်းချင်းတရပ်ပါဘဲ
မင်းက ......
ငါ့ရဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ နတ်သားလေးပါဘဲ

မင်းကို အရမ်းချစ်ပါတယ်ချစ်သူ





No comments: