Monday, April 6, 2009

တောင်းပန်ပါတယ်

* ငါ့ရင်ထဲကမျှော်လင့်ချက်တွေ အရည်တွေပျော်လို့ 

အပျော်တွေပျောက်ဆုံးလို့ သွားမှာကိုတွေးရင်းနဲ့ 

အနာဂတ်မဲ့ တဲ့ နေ့ များစွာကိုရင်မဆိုင်ပါရစေနဲ့ ချစ်သူ

မင်းရဲ့ အမုန်းများစွာကို လက်ဆောင်တွေအဖြစ်နဲ့ မလိုချင်လို့ ပါ ။

မင်းရဲ့ နှုတ်ခမ်းလေးကို တစ်ချက်ဖိကိုက်လိုက်တိုင်း

ငါ့ရဲ့ ဘဝကြီးလူးလိမ့် လို့ သွားခဲ့ ရလို့ 

နာကြည်းတဲ့ အကြည့်တွေကိုအဝေးသို့ ဖယ်ရှားပေးလှည့်ပါ

ရိုးသားစွာနဲ့ တောင်းပန်ပါတယ်ချစ်သူ ။

* ငါ့ရဲ့ အကြင်နာအငွေ့ အသက်တွေက

ဘယ်တော့မှမခန်းခြေက်နိုင်တဲ့ စမ်ရေတွေလိုပဲ

ကြည်လင်အေးမြတဲ့ အချစ်စစ်နဲ့ 

ချိုမြိန်တဲ့ အချစ်တွေကိုပဲ မင်းလေးကိုစားသုံးစေခဲ့ တာပါ ။

* ဒါ့ ကြောင့် ………..

ငါ့ရဲ့ ရင်ခွင်တံခါးကိုဖွင့်ဟလို့  နှလုံးသားကိုနင်းချေပြီး

တစ်ပါးသူရဲ့ ရင်ငွေ့ မှာခိုလှုံဖို့ တော့မကြိုးစားလိုက်ပါနဲ့ လို့ 

တောင်းပန်ပါတယ် ။

M.M.T

No comments: