Sunday, April 5, 2009

အလွမ်းသစ်ပင်

အကြင်နာတွေလိုချင်လို့
ငါ့မေတ္တာတွေကို မြေသြဇာလုပ်ပြီး
ငါ့အချစ်တွေ စိုတ်ပျိုးခဲ့တာပါ.....
အပင်လေးတွေပေါက်တော့
အလွမ်းတွေဖြစ်လာခဲ့ပေမဲ့
ငါ မရိတ်သိမ်းရက်ပါဘူး
ငါ ကိုယ်တိုင်
သစ္စာရေတွေလောင်းပြီး
နားလည်မှုတွေနဲ့ ပေါင်းသင်ခဲ့တာကို
ငါ့ အလွမ်းပင်တွေ
ဘယ်လောက် ရှင်သန်မ.လဲ......
ငါ ပြုံးပြီး ကြည့်နေမှာပါ


No comments: