Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, May 8, 2009

ကျေးဇူးပြုပြီး......

ကောင်လေးရေ
အချစ်နဲ့ ပတ်သတ်ရင်
ငါခံစားရတာ အလွမ်းတွေဘဲမို့
ကျေးဇူးပြုပြီး.........
ငါ့ကိုအလွမ်းတွေ မပေးသွားပါနဲ့

ကောင်လေးရေ
မင်းအနားရှိတဲ့ အချိန်က
ငါ့ရင်ကို နွေးစေတယ်
မင်းရဲ့ အပြုံးတွေက
ငါ့နှလုံးသားကို ချိုမြိန်စေတယ်
ကျေးဇူးပြုပြီး
ငါ အနားက ထွက်မသွားပါနဲ့
မင်းမရှိတဲ့ကမ္ဘာမှာ
ငါမနေပါရစေနဲ့

Monday, April 6, 2009

တောင်းပန်ပါတယ်

* ငါ့ရင်ထဲကမျှော်လင့်ချက်တွေ အရည်တွေပျော်လို့ 

အပျော်တွေပျောက်ဆုံးလို့ သွားမှာကိုတွေးရင်းနဲ့ 

အနာဂတ်မဲ့ တဲ့ နေ့ များစွာကိုရင်မဆိုင်ပါရစေနဲ့ ချစ်သူ

မင်းရဲ့ အမုန်းများစွာကို လက်ဆောင်တွေအဖြစ်နဲ့ မလိုချင်လို့ ပါ ။

မင်းရဲ့ နှုတ်ခမ်းလေးကို တစ်ချက်ဖိကိုက်လိုက်တိုင်း

ငါ့ရဲ့ ဘဝကြီးလူးလိမ့် လို့ သွားခဲ့ ရလို့ 

နာကြည်းတဲ့ အကြည့်တွေကိုအဝေးသို့ ဖယ်ရှားပေးလှည့်ပါ

ရိုးသားစွာနဲ့ တောင်းပန်ပါတယ်ချစ်သူ ။

* ငါ့ရဲ့ အကြင်နာအငွေ့ အသက်တွေက

ဘယ်တော့မှမခန်းခြေက်နိုင်တဲ့ စမ်ရေတွေလိုပဲ

ကြည်လင်အေးမြတဲ့ အချစ်စစ်နဲ့ 

ချိုမြိန်တဲ့ အချစ်တွေကိုပဲ မင်းလေးကိုစားသုံးစေခဲ့ တာပါ ။

* ဒါ့ ကြောင့် ………..

ငါ့ရဲ့ ရင်ခွင်တံခါးကိုဖွင့်ဟလို့  နှလုံးသားကိုနင်းချေပြီး

တစ်ပါးသူရဲ့ ရင်ငွေ့ မှာခိုလှုံဖို့ တော့မကြိုးစားလိုက်ပါနဲ့ လို့ 

တောင်းပန်ပါတယ် ။

M.M.T

Sunday, April 5, 2009

အလွမ်းသစ်ပင်

အကြင်နာတွေလိုချင်လို့
ငါ့မေတ္တာတွေကို မြေသြဇာလုပ်ပြီး
ငါ့အချစ်တွေ စိုတ်ပျိုးခဲ့တာပါ.....
အပင်လေးတွေပေါက်တော့
အလွမ်းတွေဖြစ်လာခဲ့ပေမဲ့
ငါ မရိတ်သိမ်းရက်ပါဘူး
ငါ ကိုယ်တိုင်
သစ္စာရေတွေလောင်းပြီး
နားလည်မှုတွေနဲ့ ပေါင်းသင်ခဲ့တာကို
ငါ့ အလွမ်းပင်တွေ
ဘယ်လောက် ရှင်သန်မ.လဲ......
ငါ ပြုံးပြီး ကြည့်နေမှာပါ


Friday, October 31, 2008

အဖြူရောင် သံယောဇဉ်

နွယ်တပင်
ရင်မှာရှင်တော့
သံယောဇဉ်မျှင် .......

သေချာကာ
စူးစမ်းကြည့်တော့
အဖြူရောင်မြင် .......

အဖြူအသွင်
ရင်တွင် ဆင်တော့
သူငယ်ချင်းပင်........

အရောင်မလွှမ်း
အဖြူလွှမ်းတော့
သက်ဆုံးတိုင်ခင်.......

Saturday, September 6, 2008

သိပါစေ

ငိုနေတဲ့မျက်ရည်တွေကို ဖုံးကွယ်ဖို့အတွက်
အပြုံးအတုတွေကို ငါဖန်ဆင်းခဲ့တယ်
ဒီအပြုံးတွေက…………
ငါ့ နှလုံးသားကို တစ်စစီဖဲ့ခြွေနေပုံက
ရေတိုက်စားခံနေရတဲ့ ကုန်းမြင့်တခုလိုဘဲ။
ချစ်သူ.........
ငါရင်ထဲအဖြစ်တွေကို လူသိမှာစိုးပေမဲ့
မင်းတယောက်တော့ သိစေချင်တယ်.......

Tuesday, September 2, 2008

အဖြေ

အိမ်မက်တွေ လဲပြို
စိတ်ကူးတွေ ပျက်စီး
အရာရာ မသေချာတော့တဲ့
အချစ်တွေကို ရူးသွပ်နေတဲ့
သူဟာ.....
"ကိုယ်"ဆိုရင်
မင်းဘာလုပ်မလဲ........