Showing posts with label ကြိုက်မိလို့ပါ. Show all posts
Showing posts with label ကြိုက်မိလို့ပါ. Show all posts

Sunday, September 21, 2008

မညီမျှတဲ့ ချစ်ခြင်း

တကယ်ဆိုရင်
မုသားနှင့် မာယာတွေ ချည်နှောင်မထားတဲ့
ငါ့ချစ်ခြင်းဟာ
နင့်အတွက် မဖြစ်သင့်ဘူး။

အိပ်ရေးတွေပျက်၊ မျက်ရည်စတွေနှင့်
ငါ့ရဲ့ ကဗျာကလည်း
နင့်အတွက် မဖြစ်သင့်ဘူး။

အတ္တနှင့် ရည်မှန်းချက်တွေ
ချည်နှောင်ထားတဲ့ ချစ်ခြင်းကလည်း
ငါ့အတွက် မဖြစ်ခဲ့သင့်ဘူး။

မာနနဲ့ အေးစက်ခြင်းတွေ အပြည့်ရှိတဲ့
နင့်ရဲ့စကားသံတွေကိုလည်း
နောက်ထပ် တစ်ကြိမ် မကြားလိုတော့ဘူး။

ငါ့ရင်ထဲက ချစ်ခြင်း
နင် အလိုမရှိတော့လည်း
ရင်ထဲမှာဘဲ ထာဝရ သိမ်းထားမယ်။

ငါရဲ့ သစ္စာနှင့် ချစ်ခြင်းတွေ အတွက်
ငါ.....ကျေနပ်တယ်။