Showing posts with label သူငယ်ချင်းတွေ ရေးပေးတာပါ. Show all posts
Showing posts with label သူငယ်ချင်းတွေ ရေးပေးတာပါ. Show all posts

Friday, September 19, 2008

ဆင့်ကဲအလွမ်း

အလွမ်းပ်ါအလွမ်းဆင့်ခဲ့တယ်
ပန်းမပွင့်တဲ့အပင်ကိုမှ
ရေလောင်းပေါင်းသင်လို့
ရှင်မလားလို့စိုက်ပျိုးခဲ့တဲ့ငါ......
ခဲမှန်ဘူးတဲ့စာသူငယ်ပါ
လေးသံကိုကြောက်ကြောက်နဲ့
ရှေ့တိုးလျောက်ခဲ့တယ်..........
မာဂဓဘာသာကိုမှ
ဘာသာပြန်ချင်တယ်
တိမ်ရုပ်ကိုမှ
ဆေးရောင်ချယ်ချင်တယ်....
အခုတော့လည်းနှစ်ထပ်ကိန်းအလွမ်းတွေနဲ့
တောင်ပံကျိုးခဲ့တဲ့လိပ်ပြာငယ်က
ပန်းမပွင့်တဲ့ရာသီရဲ့ရနံကို
စောင့်နေတုန်း...........
............

Wednesday, September 3, 2008

မင်းဆီက

စကားရှရှ . . .
ဓားမြမြသွေး
အမုန်းပေးလည်း
ဆေးတစ်ခွက်လို.
သောက်ပါမယ် "