Tuesday, November 4, 2008

ပန်းအသွင်


သူငယ်ချင်း
တကယ်လို့ နင်ဟာ ပန်းကလေးတပွင့် ဖြစ်ခဲ့မယ်ဆိုရင် .........
နင့်ရဲ့ ဂုဏ်သက္ခာတွေ၊ ဂုဏ်သတင်းတွေ၊ ရိုးသားမှုတေ၊ွ တည်ကြည်လေးနက်မှုတွေ နင်လုပ်သမျှအရာတွေအားလုံးထဲက အကောင်းတွေဟာ အဲ့ဒီ ပန်းကလေးရဲ့ ရနံတွေဖြစ်လာလိမ့်မယ်။
နင့်ရဲ့ အတ္တတွေ၊ မာနတွေ၊ နင်လုပ်ခဲ့သမျှအရာတွေရဲ့ အဆိုးတွေဟာ အဲ့ဒီပန်းကလေးရဲ့ ဆူးခက်တွေဖြစ်လာလိမ့်မယ်။ သူငယ်ချင်း နှင်းဆီပန်းက အသွင်လဲလှပါတယ်၊ ရနံလဲ သင်းပါတယ်၊ ဒါပေမဲ့ ဆူးတွေနဲ့ ပြည့်နေတယ်။ အဲ့ဒီဆူးတွေက နှင်းဆီကို ကောင်းကောင်း အကြည်တန်စေတယ်လို့ ငါထင်တယ်။ သူငယ်ချင်း တချို့ပန်းလေးတွေကလေ ကြွေသွားသည့်တိုင်အောင် သူတို့ရဲ့ ရနံလေးတွေက သင်းနေသေးတယ်။ သူတို့ရဲ့ ရနံလေးတွေကို ပျောက်ပျက်မသွားအောင် ဖတ်တွယ်ထားကြတယ်။ သူငယ်ချင်း ငါကတော့လေ နင့်ကို ဆူးတွေနဲ့ ပြည့်နေတဲ့ နှင်းဆီပန်း မဖြစ်စေချင်ဘူး။ ငါကလေ နင့်ကို ဆူးကင်းပြီး ရနံသင်းတဲ့ပန်းကလေးဖြစ်စေချင်ပါတယ်။ အဲ့ဒီပန်းကလေးက နင်ကိုယ်တိုင် နင်အတွက် ဖန်ဆင်းပေးရမှာ
သူငယ်ချင်း..... တကယ်လို့ ငါကနေ နင်အတွက်ဖန်ဆင်းပေးရမယ်ဆိုရင်တော့..... နင်ဟာ ငါ့အတွက်ပန်းလေးတပွင့်ဆိုရင် နင်အပေါ်မှာထားတဲ့ ငါ့ရဲ့ သံယောဇဉ်တွေ၊ မေတ္တာတွေ၊ ခင်မင်မှူတွေ၊ နင်ပတ်သတ်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားမှူတွေက အဲ့ဒီပန်းလေးရဲ့ ရနံတွေပေါ့။ အဲဒီရနံတွေက ထာဝရအတွက် သင်းပျံနေမှာပေါ့ ငါဆီမှာ နင့်အတွက် အမုန်းဆိုတာ မရှိပါဘူး။ ရှိလာမှာလဲ မဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီပန်းလေးမှာ ဆူးမရှိပါဘူး။ ဆူးမဲ့တဲ့ ပန်းလေးတပွင့်ပေါ့။

Friday, October 31, 2008

အဖြူရောင် သံယောဇဉ်

နွယ်တပင်
ရင်မှာရှင်တော့
သံယောဇဉ်မျှင် .......

သေချာကာ
စူးစမ်းကြည့်တော့
အဖြူရောင်မြင် .......

အဖြူအသွင်
ရင်တွင် ဆင်တော့
သူငယ်ချင်းပင်........

အရောင်မလွှမ်း
အဖြူလွှမ်းတော့
သက်ဆုံးတိုင်ခင်.......

Sunday, September 21, 2008

မကန်းရုံ တစ်မည်

လူတယောက် အူယားဖားယား ၀င်လာပြောသည်။

"ဒေါက်တာ ကျွှန်တော့်ကို လုပ်ပါအုံး၊ ကယ်တော်မူပါအုံး၊ ကျွှန်တော် မျက်လုံးအမြင်တွေ ယိုယွင်း၊ ဆိုးဝါးလာပြီး"
ဒေါက်တာဟု အခေါ်ခံရသူက ပြန်ပြောလိုက်သည်။

"ဟုတ်လိမ်မယ်၊ ခင်ဗျားအမြင်တွေ ယိုယွင်းလာတာသေချာတယ်၊ ခင်ဗျားအခုဝင်လာတာ ဆေးခန်းမဟုတ်ဘူးဗျ၊ စာတိုက် ပါ။ ကျွှန်တော်ကလဲ ဆရာဝန် မဟုတ်ပါဘူး စာတိုက် စားရေးပါ"