Friday, September 19, 2008

ဆင့်ကဲအလွမ်း

အလွမ်းပ်ါအလွမ်းဆင့်ခဲ့တယ်
ပန်းမပွင့်တဲ့အပင်ကိုမှ
ရေလောင်းပေါင်းသင်လို့
ရှင်မလားလို့စိုက်ပျိုးခဲ့တဲ့ငါ......
ခဲမှန်ဘူးတဲ့စာသူငယ်ပါ
လေးသံကိုကြောက်ကြောက်နဲ့
ရှေ့တိုးလျောက်ခဲ့တယ်..........
မာဂဓဘာသာကိုမှ
ဘာသာပြန်ချင်တယ်
တိမ်ရုပ်ကိုမှ
ဆေးရောင်ချယ်ချင်တယ်....
အခုတော့လည်းနှစ်ထပ်ကိန်းအလွမ်းတွေနဲ့
တောင်ပံကျိုးခဲ့တဲ့လိပ်ပြာငယ်က
ပန်းမပွင့်တဲ့ရာသီရဲ့ရနံကို
စောင့်နေတုန်း...........
............

No comments: